“လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြ”
“လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြ”
#SAF #MrratChannel
ကျောင်းသားလက်ရုံးတပ်တော်၏ စစ်ရေးပြင်ဆင်ထားမှုနှင့် ၂၀၂၅ အတွင်း ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ စစ်ရေးအရ စစ်ကောင်စီကို အသာစီးရထားမှသာ နိုင်ငံရေးအရ အသာစီးရသွားနိုင်ကြောင်းများနှင့် ပတ်သက်၍ ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်၏ ဖြေကြားချက်များ။
#SAF #media_interviews
RedNewsAgency #REDNEWS #RNA #revolution #democracy
Fundraising by နွေဦး Page နှင့်ပတ်သတ်၍ သတင်းထုတ်ပြန် ကြေညာချက်
နေ့စွဲ။ ။၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ ၃ရက်
၁။ Fundraising by နွေဦး page သည် ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ တရားဝင် ဘဏ္ဍာငွေရှာဖွေရေးနှင့် လူထုဆက်ဆံရေး page ဖြစ်ကြောင်း တော်လှန်လူထုအား လေးစားသမူဖြင့် အသိပေး ပန်ကြားလိုပါသည်။
၂။ အဆိုပါ fundraising နွေဦး page သည်တော်လှန်ရေးတာဝန်အရပ်ရပ်အား ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်အတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေ ရှာဖွေနိုင်ရေး နှင့် ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားဆောင်ရွက်နေသည့်များကို ပြည်သူလူထုထံ တင်ပြရင်း ကျွန်ုပ်တို့ နှင့် လူထုကြား အစဉ်မပြတ် ထိတွေ့ဆက်ဆံနိုင်ရေးကိုအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပါသည် ။
၃။ တော်လှန်စစ်တွင် လှုပ်ရှားဆောင်ရွက်လျက်ရှိသော ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ စစ်ရေး၊ နိုင်ငံရေးနှင့် ပက်သက်၍ ပူးပေါင်း ဆောင်ရွက်လိုသော တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊ မေးမြန်း စုံစမ်းလိုသော သတင်း မီဒီယာများ အနေဖြင့်လည်းကောင်း ၊ ပူးပေါင်းပါဝင်လိုသော တော်လှန် ရဲဘော်များအနေဖြင့်လည်းကောင်း ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ official facebook page – Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် – သို့လည်းကောင်း၊studentarmedforce@protonmail.com သို့တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြည်သူလူထုထံသို့ လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည် ။
https://t.me/studentarmedforce
ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ တိုက်ပွဲသတင်းများ နှင့် လှုပ်ရှားဆောင်ရွက်နေသည်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် အထက်ပါ telegram ကို subscribe လုပ်ပေးထားပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် ။
သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာနစစ်ရေးဌာနကြီး
ဗဟိုစစ်ရေးရုံး
ကျောင်းသားလက်ရုံးတပ်တော်
ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်နဲ့ ပတ်သက်လို့ ဘဏ္ဍာရေးတာဝန်ခံဟန်နီနွေဦးရဲ့ပြောကြားချက်
လင်းသူရိန်
(မဇ္ဈိမ)။ ။ ကျောင်းသားလူငယ်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်ကိုတည်ထောင်လာတာ အခုဆိုရင် အချိန်ကာလအားဖြင့် နှစ်နှစ်ကျော်ရှိနေပါပြီ။ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ တပ်တည်ဆောက်မှု၊ ရဲဘော်တွေကိုထောက်ပံ့မှုတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့တွေပေးနေရတာကြောင့် ရန်ပုံငွေလိုအပ်ချက်တွေရှိလာနေပါတယ်။
ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ လိုအပ်တဲ့ ရန်ပုံငွေတွေကိုဘယ်လိုရှာဖွေနေပါသလဲ။ကျောင်းသားလက်ရုံးတပ်တော်အတွက်လိုအပ်တဲ့ ဘဏ္ဍာငွေရှာဖွေရေးတွေကို The River Fundraising Page နဲ့Fundraising By နွေဦးPage တို့ကနေရှာဖွေသွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က စက်တင်ဘာလ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ကျောင်းသားလက်ရုံးတပ်တော်ရဲ့ဘဏ္ဍာရေးအစီအစဉ်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးတာဝန်ခံ မဟန်နီနွေဦးက အခုလိုပြောပြပါတယ်။
တင်ဆက်၊ တည်းဖြတ်- လင်းသူရိန်
စစ်မှုထမ်းဥပဒေကြောင့်တိမ်းရှောင်လာသူတွေကိုလွတ်မြောက်နယ်မြေမှာအကူညီပေးနေ
မေ ၊ ၁၀ ရက်
The Justice Wave(ရုပ်သံ)
မြန်မာနိုင်ငံစစ်အာဏာသိမ်းတာ ၃ နှစ်ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက် စစ်မှုထမ်း ဥပဒေကိုစစ်ကောင်စီဘက်၂၀၂၄ ဖေဖော်၀ါရီ ၁၀ ရက်နေ့က စတင်ပြဌာန်းခဲ့ပြီး အဲ့ဒီ စစ်မှုတမ်းဥပဒေကို ပြည်သူတချို့က လက်မခံတာကြောင့် လွတ်မြောက်နယ်မြေတွေကိုတိမ်းရှောင်လာခဲ့တဲ့ဦးရေဆက်တိုက်ဆိုသလိုမြင့်တက်လာခဲ့ပါတယ်။
အဆိုပါတိမ်းရှောင်လာခဲ့ရတဲ့ ပြည်သူတွေကို တော်လှန်ရေးအဖွဲ့အစည်း လွတ်မြောက်နယ်မြေတွေကနေ လက်ခံစောင့်ရှောက်ပေးနေသူတွေလည်းရှိပါတယ်။
အဲ့ဒီလို ကူညီပေးနေတဲ့ အဖွဲ့အစည်း ထဲမှာမှကျောင်းသားလက်ရုံးတပ်တော် SAF ကလည်း တိမ်းရှောင်လာတဲ့ပြည်သူတွေနဲ့သူတို့ရဲ့တပ်ဖွဲ့ကမိသားစုဝင်တွေအတွက်ပါ ခိုလှုံတိမ်းရှောင်ဖို့ အစစအရာရာကူညီပေးနေတယ်လို့ဆိုပါတယ်။
အဲ့ကိစ္စနဲ့ပက်သက်ပြီး ကျောင်းသားလက်ရုံးတပ်တော် SAF ရဲ့ ဗဟိုကော်မတီဝင် ကိုကျော်ဟိဏ်းက “ကျွန်တော်တို့အနေနဲ့ အခြေခံရိက္ခာပေါ့နော် ဆန်၊ ဆီ၊ ဆား၊ ငြုတ်၊ ကြက်သွန် စသည်ဖြင့်အပိုင်းတွေကျွန်တော်တို့ထောက်ပံ့ပေးရတာတွေရှိတယ် နောက်တစ်ခုက သူတို့နေစရာနေရာတွေစီစဉ်ပေးရတာတွေရှိတယ် နောက်တစ်ခုက သူတို့ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်တဲ့ဆေးဝါးတွေပေါ့ “ ဟုပြောကြားခဲ့ပါတယ်။
လက်ရှိမှာလဲ ခိုလှုံပြည်သူတွေအတွက် အခြေခံရိက္ခာနဲ့ ကျန်းမားရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိပြီး ရေရှည်အတွက်ဆိုရင် အသက်မွေးဝမ်းကြောင်းနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေလဲ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ကျောင်းသားလက်ရုံးတပ်တော် SAF ဆီကို မိသားစုဝင် ၇၀ လောက်ရှောင်တိမ်းလာခဲ့ပြီး အဲ့ဒီ့အထဲမှာမှ မိသားစုလိုက်ရှောင်လာသူများ၊ ကလေးသူငယ်များ၊ အသက် ၂၀ နဲ့ အသက် ၂၅ ဝန်းကျင်လူငယ်တွေ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့တဲ့ မြန်မာဒုက္ခသည် ၄ သောင်းခွဲလောက် ရှိတယ်လို့ HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြီးခဲ့၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလဲ စစ်မှုထမ်းဥပဒေကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသတွေနဲ့လွတ်မြောက်ဒေသတွေကိုထွက်ပြေးတိမ်းရှောင်သူတွေဟာ သောင်းနဲ့ချီရှိနေတယ်လို့လဲ သိရပါတယ်။